Welcome
Here you can
enter your
own text
Second title
The right image =>
As well as the background
can be changed as well
Third title
Here you can
enter information
for your users
as well

ASP Computer Center
Computer Training Center

ကျွန်တော်တို့ ASP Comupter Center ကို ၂၀၀၄ ခုနှစ် သြဂုတ်လမှာ စတင်ပြီး တည်ထောင်ခဲ့ပါတယ်။ စတင် တည်ထောင်စဉ်က Aspiration နာမည်နဲ့ပါ။ သူငယ်ချင်း (၉) ယောက် စုပေါင်းပြီး လုပ်ကိုင်ခဲ့ကြတာပါ။ ကျော်မျိုးနိုင်၊ သီဟဦး၊ မင်းသန့်ဝေ၊ ဖြိုးေ၀၀င်း၊ အောင်ဆန်းထူး၊ ရဲလွင်ဖြိုး၊ မေသွဲ့လှိုင်၊ ယဉ်မွန်အောင်၊ ရီရီမြင့် တို့ဖြစ်ပါတယ်။ အဲဒီထဲမှာ ယဉ်မွန်အောင် တစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေက classmate တွေပါ။ ယဉ်မွန်အောင်က ကျွန်တော်တို့ထက် တစ်တန်းကြီးပါတယ်။ ပြီးတော့ လုပ်ငန်းအတွေ့အကြုံလည်း ရှိတဲ့သူပါ။ အရာရာကိုသူပဲဦးဆောင်ပြီးလုပ်ပေးခဲ့တာပါ။ ကျွန်တော်တို့က စာသင်ဖို့ကလွဲပြီး ဘာမှသိပ်မသိသေးတဲ့သူတွေပေါ့။ ကြော်ငြာလုပ်တာ၊ အခန်းငှားတာ၊ စာသင်မယ့် course တွေ ဆွဲကြတာ၊ decoration ပြင်တာဆင်တာတွေ အားလုံး သူငယ်ချင်းတွေ တိုင်တိုင်ပင်ပင်နဲ့ လုပ်ရတာ ပျော်စရာပါ။ တစ်ပတ်ကို တစ်ခါ စည်းဝေးကြပါတယ်။ တစ်လကိုတစ်ခါ ရှင်းတမ်းတွေ ထုတ်ပြန်ပါတယ်။ ကျွန်တော်တို့ရဲ့ တည်ရာကတော့ ၃၃လမ်းနဲ့ ၇၆ လမ်းထောင့်မှာပါ။ ကျွန်တော်တို့ စ တည်ထောင်တဲ့ ၂၀၀၄ ခုနှစ်မှာ ကျွန်တော်တို့ထဲက တချို့က ကျောင်းတက်နေဆဲတွေ ရှိပါတယ်။ ပင်ပန်းကြပါတယ်။ ကျောင်းတစ်ဖက် အလုပ်တစ်ဖက်ဆိုတော့ မနားရတော့ဘူးလေ။ ဒါနဲ့ပဲ တစ်နှစ်ပြီးသွားတဲ့အခါမှာ လုပ်ငန်းတွင်ကျယ်အောင်ရယ်၊ ပိုပြီး ကျစ်ကျစ်လျစ်လျစ်ဖြစ်သွားအောင်ရယ်ဆိုပြီးတော့ အသစ်ထပ်မံ ဖွဲ့စည်းပြီး တည်ထောင်ပါတယ်။ ဒီတစ်ခါတော့ (၄) ယောက်တည်းပါ။ ကျော်မျိုးနိုင်၊ သီဟဦး၊ အောင်ဆန်းထူးနဲ့ စိုင်းဂွမ်းဝမ်းတို့ ဖြစ်ပါတယ်။ ဒီထဲမှာ စိုင်းဂွမ်းဝမ်းက လူသစ်ဖြစ်ပါတယ်။ နေရာလည်း အသစ်ဖြစ်သွားပါတယ်။ ၃၂၊ ၃၃လမ်းကြား၊ ၇၂၊ ၇၃လမ်းကြား၊ စံပယ်လမ်းသွယ်ထဲမှာပါ။ နာမည်လည်း ပြောင်းလိုက်ပါတယ်။ အတိုကောက်ဖြစ်သွားအောင် ASP လို့ ပြင်လိုက် ပါတယ်။ အခုချိန် (၂၀၀၉) ခုနှစ်ထိ တိုင်ခဲ့ပြီ ဆိုပါစို့။

စတင်တည်ထောင်သူ သူငယ်ချင်း (၉)ယောက်
(၀ဲမှယာ)ကျော်မျိုးနိုင်၊ ရီရီမြင့်၊ သီဟဦး၊ ရဲလွင်ဖြိုး၊ ဖြိုးေ၀၀င်း၊ မင်းသန့်ဝေ၊ယဉ်မွန်အောင်၊ မေသွဲ့လှိုင်၊ အောင်ဆန်းထူး

FOUNDERS OF ASP

နာမည်က ကိုကျော်မျိုးနိုင်ပါ။ မန္တလေးသား ဇာတိပါ။ မန္တလေးကွန်ပျူတာတက္ကသိုလ်က B.C.Sc; M.I.Sc နဲ့ကျောင်းပြီးထားပါတယ်။ကျောင်းပြီးတဲ့ ၂၀၀၄ မှာပဲ အတန်းဖော်တွေဖြစ်တဲ့ ကိုသီဟဦးတို့နဲ့ပေါင်းပြီး ကွန်ပျူတာသင်တန်းတစ်ခု စ ဖွင့်ဖြစ်ပါတယ်။ ၂၀၀၅-ခုနှစ်မှာ အသစ်ပြန်လည်ဖွဲ့စည်းတော့လည်း ဆက်လက်ပါဝင်ခဲ့ပါတယ်။ ယခုချိန်ထိ လေ့လာစရာရှိသည်များကိုဆက်လက်လေ့လာရင်း သိသမျှကို ပြန်လည်ဖြန့်ဖြူးလျက် ရှိပါတယ်။ e-mail လိပ်စာက kmnmdy@gmail.com ပါ။

အမည် ကိုသီဟဦးဖြစ်ပါတယ်။ မန္တလေးကွန်ပျူတာတက္ကသိုလ်က B.C.Sc(Hons) နဲ့ M.C.Sc (Thesis) အရောက်မှာ စင်္ကာပူကို ထွက်ခွာပြီး Master ဘွဲ့တက်ရောက်ပါတယ်။ အခုချိန်မှာ စင်္ကာပူ NTU က Master ဘွဲ့ရရှိပြီး လုပ်ငန်းခွင်ဝင်နေပါပြီ။ Game Programmer ပါ။ ပင်ကိုယ်ဗီဇက game ၀ါသနာပါတဲ့အတွက်၊ Programming လည်း စိတ်ဝင်စားတဲ့အတွက် သူ့အတွက် အဆင်ပြေပါတယ်။ တစ်ခုပါဘဲ။ ကလေးတွေကို စာသင်ပေးချင်တဲ့သူ့ဝါသနာကို စွန့်ထားရတာ။ e-mail လိပ်စာက thihaucsm@gmail.com ဖြစ်ပါတယ်။

အမည် ကိုအောင်ဆန်းထူးဖြစ်ပါတယ်။ ကိုကျော်မျိုးနိုင်၊ ကိုသီဟဦးတို့နဲ့ အတန်းအတူတူဖြစ်ပါတယ်။ ဇာတိက တကောင်း ကပါ။ သင်တန်းအတော်များများတက်ထားပြီး certificate တွေအများကြီးကိုင်ထားပါတယ်။ ပိုက်ဆံတွေလည်း အများကြီးကုန်ထားပါတယ်။ အခုလောလောဆယ်တော့ စင်္ကာပူမှာ ကျောင်းတက်ဖို့လုပ်နေပါတယ်။ မန္တလေးကွန်ပျူတာ တက္ကလိုလ်က Master အတွက် Thesis ရေးလက်စ တန်းလန်းဖြစ်ပါတယ်။

အမည် စိုင်းဂွမ်းဝမ်း ပါ။ ကိုသီဟဦးတို့နဲ့ ကျောင်းအတူတူပြီးပါတယ်။ ပြီးတော့ LCCI လည်းပြီးထားပါတယ်။ Account နဲ့ပတ်သက်တဲ့ဘာသာရပ်တွေကို အဓိကထား သင်ပေးနိုင်ပါတယ်။ ကွန်ပျူတာဘာသာရပ်များကိုလည်း ကျွမ်းကျင်စွာသင်ကြားပေးနိုင်ပါတယ်။ ကျွန်တော်တို့ လေးယောက်ထဲမှာ အသက်အငယ်ဆုံးပါ။ ဇာတိ- မူဆယ်က ဖြစ်ပါတယ်။ e-mail လိပ်စာ saiseiwon@gmail.com ပါ။


ASP သင်တန်း၏ Scholarship


ASP ကွန်ပျုတာ သင်တန်းတက်ရောက်ပြီး ဖြေဆိုသူများသည် ကွန်ပျူတာတက္ကသိုလ်၏ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်တန်းများကို ထူးချွန်စွာအောင်မြင်ပါက သင်တန်းကြေး လုံးဝ ကင်းလွတ်ခွင့်ရရှိသည့်အပြင် ထူးချွန်ဆုလည်း ချီးမြှင့်ပေးပါသည်။ ယခုနှစ်အတွက် ထူးချွန်ဆုရရှိသူမှာ ဒုတိယနှစ်သင်တန်းကို အဆင့်-၂ ဖြင့်အောင်မြင်သော မမြတ်ဖူးမွန်အောင် ဖြစ်ပါသည်။ ယခုနှစ် တတိယနှစ်သင်တန်းအတွက် သင်တန်းကြေးကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ ယမန်နှစ်ကလည်း မမြတ်ဖူးမွန်အောင်သည် ပထမနှစ်ကို ထူးချွန်စွာ အဆင့် ၃ ဖြင့်အောင်မြင်သည့်အတွက် ထူးချွန်ဆုရရှိပြီးဖြစ်ပါသည်။
 

Copyright © 2025 Your name

Today, there have been 7 visitors (38 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free